Tuesday, June 25, 2013

လိုင်စင် ရက်ပေါင်း (31367ရက်) နဲ့ Advanced System Care Pro 6.3.0.269 final နောက်ဆုံးထွက်







computer cleaning software တွေ ထဲ မှာ အကောင်းဆုံးလို့ ပြောလိုရတဲ့  Advanced system care pro 6.3 final ထွက်လို့ လာပါပြီ  pro full version ဖြစ်အောင် patch file ပါ ပါတယ် patch နဲ့ ဖြေပြီးရင် license က 31367 days တောင်နော် အမုန်းသုံးလို့ ရတယ် ဒီ software သုံးဘူးသူတိုင်းသိ ကျပါတယ် ကွန်ပျူတာ error တော်တော်များများ ကို ဒီကောင် ကဖြေရှင်းနိုင်တယ် 
အောက်မှာ ဒေါင်းလိုဒ် လင့်ပေးထားပါတယ်


keys:
 4A639-FD966-C5435-512C4
65792-57FC4-5CEC1-677C4
CC52B-28CB1-DAF12-A96D6
D1CC9-8F326-6695F-5C4C4 
key ထည့်နေတုန်း internet ခဏပိတ်ထားပါ ထည့်ပြိးတာနဲ့ ချက်ချင်းပြန်ဖွင့်လိုရပါတယ်
(key များ သုံးလို မရ ဆိုသူများအတွက်) 
ပထမ ဆုံး အပေါ်က key ထဲ က တ ခု ခု နဲ့  pro update လုပ်ပြီး actived လုပ်ပါ ။အပေါ်က ကီး က ရက်ပေါင်း ၁၁၂ ရက် ကီးပါ ။ပြီးရင် download file မှာ ပါတဲ့ patch rar file ကို ဖြည်ပြီး အဲထဲက patch application ဖိုင်ကို copy လုပ် ပြီး c/window/program *86 /iobit/advanced systemcare6 သွားပြီး paste လုပ်ပါ .ပြီးရင် အဲဒီ patch application file ကို open လိုက်ပါ အဲဒီမှာ paste ဆိုတဲ့ Buttom လေးကို နှိပ်လိုက် ပြီး ရင် exit လိုက်ပါ . အာလုံးပြီးရင် manages lisence မှာ ကြည့်လိုက် ရက်ပေါင်း ၃၁၃၆၇ ရက်ဖြစ်နေပါပြီ :)
အရေးကြီးတာတချက်က patch file rar ကိုဖြည်မယ်အချိန်ကစပြီး anti-virus program တွေကို ပိတ်ထားပါ install အားလုံးပြီးရင် ပြန်ဖွင့်လိုရပါတယ် ။ anti-virus ပိတ်တာဘာ ပြသာနာမှ မရှိပါဘူး patch file တွေကို တချို့ anti-virus program တွေက လက်မခံ လိုပိတ်ခိုင်းရတာပါ ..အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်  
   
KEYGEN သုံးရင် anti-virus ပိတ်ထားပါ။



keygen က ကီးကို copy ကူး ပြီးသွားထဲ ပါ key ထည့်ရင် internet ပိတ်ထားပါ
key ထဲ ပြီးရင် အပေါ်က ပုံအတိုင် ပေါ်လာမှာပါ ပြီးရင် ok နှိပ်ပြီး ပိတ်လိုက်ပါ
ကဲ အခု patch ဖိုင်သွားထဲပြီး patch ကျရအောင် patch မလုပ်ခင် advanced system care ကို ပိတ်ပါ


အပေါ်က ပုံလေးတွေအတိုင်း patch done ပြီးသွားရင် exit လုပ်ပြီး လိုင်စင်ကို သွားပြန် ကြည့်ရအောင်


ကဲအပေါ်မှာ မြင်တဲ့အတိုင်းပါဘဲ လိုင်စင်ရက်ကို ကြည့်လိုက်ပါ :)
အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Dev-Host    => http://adf.ly/NZwTH
Solidfiles    => http://adf.ly/NZwb4
Mediafire    => http://adf.ly/NZwfc
4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း အမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..
6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်... 
အဆင်ပြေကြ ပါစေခင်ဗျာ..

Monday, June 17, 2013

Windows 7 မှ Wifi ပြန်လွှင့်နည်း

virtual wifi
ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။win_r
ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
runbox
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
ics
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
ics_properties
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
win_r
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
runbox-cmd
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
settings-up-wifi
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
settings-up-wifi_enter
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
at-ncpa
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
hostednetwork_started
working
Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
shared
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ics-sharing
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ တကယ်လို့ မရှင်းမလင်းတာ သိချင်တာများ ရှိခဲ့ပါက Comment ထားခဲ့နိုင်ပါတယ်။ Facebook မှာ ဆိုရင်တော့ Message ပေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

Beini Software ဖြင့် Wifi ဟက်နည်း


 မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ  အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ (ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး)
အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

. Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင်  Beini Software ကို ဒေါင်းလိုက်ပါ   ။ ဒေါင်းပီးရင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။
ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက်  Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ် ။  Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလ် လုပ်ပြီးလျှင် ထို Software ကို Run လိုက်ပါ။
( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။


( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။





( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open



( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။




CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။


( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။




( ၂ ) OK ကိုနှိပ်ပါ။




( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။




( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။




( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။




( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။




minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများရှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။


*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားခြင်ပါတယ်
သိတတ်လို့ မဟုတ်ဘဲ မသိတာ မရှိစေရန်  ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်....
မကောင်းသော ကိုယ်ကျိုးဆောင်ကျဉ်းမှုဖြင့်တော့  အသုံးမပြုစေလိုကြောင်း  
မေတ္တာရပ်ပါရစေ

Tuesday, June 11, 2013

Sunday, June 9, 2013

USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...??


သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို  2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ..ဒီနေရာလေးမှာ နည်းနည်းလောက်ကျနော်ပြောချင်တာက သေချာလုပ်ပါ.ဖြေးဖြေးချင်းလုပ်ပါ..တစ်ချို့က မရဘူးအော်ပါလိမ့်မယ်..ဒါပေမယ့် ရပါတယ်လို့ဘဲပြန်ဖြေစရာရှိပါတယ်ခင်မျ.. ကျနော်တို့ ဒီလို ကျူတိုရီရယ်တွေရေးတယ်ဆိုတာ အများရဲ့ဝေဖန်မှုကို ခံရပါတယ်..လျောက်ရေးတယ်..မဟုတ်တာတွေရေးတယ်ပေါ့ဗျာ..ကျနော်တို့လျှောက်ရေးတယ်ဘဲထားဦး
ကျနော်တို့ရဲ့ရည်ရွယ်ချက်က အသိပညာပေးဖို့ပါ..ကျနော်တို့ကိုယ်တိုင်လဲ လေ့လာနေဆဲအဆင့်တွေ
ရှိပါသေးတယ်..ဒါကြောင့်အင်တာနက်မှာမွှေနှောက်ရှာဖွေရင်း တွေ့တာလေးကိုချပြတဲ့သဘောပါ..ဒါ
ကြောင့်အဆင်မပြေခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်..ဒါကြောင့် မရဘူး..အဆင်မပြေဘူးဆိုရင်
ပြောစရာဖြစ်လာမှာစိုးလို့ ကြိုပြီးတောင်းပန်ထားရတာပါ..ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပါတယ်

ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။

Download ==>  Link 1 / Link 2
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
 မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာ Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
 ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။
Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို 
တွေ့ရပါလိမ့်မယ်ခင်ဗျာ။
မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။
ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ ..
မှတ်ချက် => တစ်ချို့သော Memory Stick တွေအဆင်မပြေပါဘူး..ဒါပေမယ့် ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပေးပါတယ်ခင်မျာ( Myanmar IT Helper ) 

USB မှ Window တင်နည်း & Window 7 / 8 ISO Images Files များ


 အရင်ဆုံး Window 8 ဖြစ်ဖြစ် Window 7 ဖြစ်ဖြစ်ကိယ်တင်ချင်တဲ့ ISO images ဖိုင်ကို ဇွဲကောင်းကောင်းနဲ့ ဒေါင်းယူထားဖို့လိုပါတယ် (အားလုံး 2GB , 3GB အထက်မှာချည်းပါပဲ).......
 ဇွဲ မရှိဘူးဆိုရင်တော့ နီးစပ်ရာ ဆိုင်တစ်ဆိုင် မှာပြေးဝယ်လိုက်ပါ....:P 
ပြီးရင် 4GB ပမာဏ နဲ့ အထက် (8GB ဆိုရင်ပိုကောင်းတာပေါ့ဗျာ) ရှိတဲ့ USB တစ်ချောင်း လိုပါတယ်...

 ISO images တွေ မရှိသေးလို့
  ဒေါင်းယူချင်တယ်ဆိုရင်.....အောက် မှာဒေါင်းယူနိုင်ပါတယ်...

 (တချို့ Download လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒေါင်းမရဘူးချည်းဘဲ ပြောနေလို့ Download လုပ်နည်းလေးပါ တခါထဲ ဖေါ်ပြပေးလိုက်တယ်)

ဒေါင်းနည်းကတော့ ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့  Download ဆိုတဲ့ Link လေးကို နှိပ်လိုက်ပါ New Tab  အနေနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ် .... 5 စက္ကန့်လေး ကို သည်းခံပြီး စောင့်ပေးလိုက်ပါ (5 စက္ကန့်အတွင်း သူကြော်ငြာချင်တာလေးကို ပေးကြော်ငြာလိုက်ပါ...  ကျေးဇူးတင်ပါတယ် ....:P ) 
ပြီးရင် အောက်ကပုံလေးအတိုင်း  SKIP AD ဆိုတာလေးကို နှိပ်လိုက်ပါ အေးဆေး ဒေါင်းယူနိုင်ပါပြီ....:)

ဒါက Window 8 ISO images ဖိုင် 64bit / 32bit ပါ....အောက်က သူ့ရဲ့ Serial Key တွေပါ:)
English
64-bit (x64)  Download   (3.3 GB)  Sha 1 hash —  
1288519C5035BCAC83CBFA23A33038CCF5522749

32-bit (x86)  Download (2.5 GB) Sha 1 hash —   
E91ED665B01A46F4344C36D9D88C8BF78E9A1B39
 
 ဒါလေးတွေကတော့ Window 7 ISO images ဖိုင်လ်တွေပါ.. ကြိုက်တာရွေးယူနိုင်ပါတယ် (တစ်ခွန်းဈေး)...:P

LATEST UPDATE 22nd AUGUST 2011
Windows 7 Ultimate SP1-U ISO
English x86: X17-59463.iso
English x64: X17-59465.iso


Windows 7 Professional SP1-U ISO
English x86: X17-59183.iso
English x64: X17-59186.iso


Windows 7 Home Premium SP1-U ISO
English x86: X17-58996.iso
English x64: X17-58997.iso

ဒါလေးတွေကတော့ 2010 Version တွေပါ...။
UPDATED 30th April 2010

Windows 7 Professional x64 (64-bit)
English: Download
Windows 7 Professional x86 (32-bit)
English: Download
Windows 7 Home Premium x64 (64-bit)
English: Download
Windows 7 Home Premium x86 (32-bit)
English: Download
Windows 7 Enterprise [English 60 Days Trial]
32-bit (x86): 7600.16385.090713-1255_x86fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENEVAL_EN_DVD.iso

64-bit (x64): 7600.16385.090713-1255_x64fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENXEVAL_EN_DVD.iso

Windows 7 Ultimate x64 (64-bit)
[Unofficial] English: Download

Windows 7 Ultimate x86 (32-bit)
[Unofficial] English: Download

Windows 7 N Version Direct Download Links [Windows 7 N English for Europe - No Windows Media Player (WMP12)]

Windows 7 Home Premium N x86 (32-bit): Download
Windows 7 Home Premium N x64 (64-bit): Download
Windows 7 Professional N x86 (32-bit): Download
Windows 7 Professional N x64 (64-bit): Download
In today’s time , it’s not difficult to install Windows from pen – drive or another USB Flash drives. In fact , Microsoft itself provides a software to make a pen drive that can boot your computer and install Windows 8.
စိတ်ကြိုက် ဒေါင်းယူပြီးပြီ ဆိုရင်တော့ ဒီ Windows 7 USB/DVD Tool ကို ဒေါင်းယူလိုက်ပါ USB ကို ကွန်ပြူတာမှာ တပ်ပြီး ....

ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေ အတိုင်း လုပ်ဆောင်သွားလိုက်ပါ....:)

Steps:
1. 
Click Here To Download Windows 7 USB/DVD Tool
1_thumb%25255B4%25255D

Browse ကိုနှိပ်ပြီး စောစောက ဒေါင်းထားတဲ့ ISO ဖိုင်လ်ကိုရွေးပေးပါ..။

2. Choose your ISO file for Windows 8 like in above screenshot. To download Windows 8
2_thumb

3. Choose USB device to install windows 8 from USB drive.

ဒီနေရာမှာ မိမိ ရဲ့ USB Drive ကို ရွေးပေးပါ
3_thumb

4. Select your USB device from the drop-down list. And hit Begin Copying.
ဒီအဆင့်မှာ USB ကို Format ရိုက်မှာပါ..
 (USB ထဲကအရေးကြီးတဲ့ Data တွေရှိရင် အခြားတစ၀်နေရာမှာအရင်ဆုံးရွေ့ထားပေးပါ 
4_thumb

5. Press next to format you USB device and copy Windows 8 files.
5_thumb

6. After this application will copy windows files to your pen drive.
7. After Process completes , restart your computer and boot your computer with USB device and install Windows 8 Preview.

  အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ  ဆိုရင် USB ကို ကွန်ပြူတာမှာ တပ်ပါ  Restart ချပါ  Window  ပြန် တတ်တတ်လာချင်း Boot Menu ကိုဝင်ဖို့ F2 (or) Dle ကိုနှိပ်ပါ (Boot Menu ကို ဝင်ဖို့ နှိပ်ရမဲ့ Key တွေက ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံး မတူနိုင်ပါဘူး) Acer Window 7 မှာတော့ F2 ကိုနှိပ်ပြီး  Boot Menu ကို ဝင်ရပါတယ်) 

Boot Menu က Boot tab မှာ  first boot device ကို USB ကို ရွေးပြီး F10 နဲ့ Save and Chang ကိုနှိပ်ပေးလိုက်ပါ...။

Window ပြန်တတ်လာရင် USB နဲ့ Window တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ....//

Dawei iT(ထားဝယ်အိုင်တီ): password မေ့တတ်သူများအတွက် window ရဲ့ admin passwo...

Dawei iT(ထားဝယ်အိုင်တီ): password မေ့တတ်သူများအတွက် window ရဲ့ admin passwo...: password မေ့တတ်သူများအတွက် window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ February 10, 2011 ရက် ၊ 9:30am တွင် thelay ရေးသာ...

Thursday, June 6, 2013

ကွန်ပျူတာပေါ်မှာ Android OS တင်သုံးချင်သူများအတွက်

မင်္ဂလာပါ... ကွန်ပျူတာမှာ Android OS ကို တင်သုံးနည်းလေးကို မျှဝေလိုက်ပါတယ်... ပေါ့ပေါ့ပါးပါးလေး သုံးနိုင်အောင် VirtualBox ပေါ်မှာ တင်သုံးနည်းစာအုပ်လေးနှင့်တကွဖော်ပြပေးလိုက်ပါတယ်... Android OS ကိုစမ်းသုံးကြည့်လို့ ကြိုက်နှစ်သက်တယ်ဆိုမှ အပြီးတင်သုံးလည်းရပါတယ်... VirtualBox နှင့် Android OS ကို Download ယူဖို့ လင့်တွေပါ ထည့်ပေးထားပါတယ်...

VirtualBox ဆိုတာကတော့ ကျွန်တော်တို့ ယခုသုံးနေကြတဲ့ Microsoft ကထုတ်တဲ့ Windows တွေမှာ Install လုပ်ပြီး အခြား OS တွေကို VirtualBox ပေါ်မှာ သုံးလို့ရပါတယ်... မိမိစက်မှာ Win 7 တင်ထားပြီး 8 ကို VirtualBox ပေါ်မှာ တင်သုံးတာမျိုးဖြစ်ဖြစ် အခြား Linux OS၊ BackTrack၊ Ubuntu စသည် OS တွေကိုလည်း အသုံပြုနိုင်ပါတယ်... Microsoft ရဲ့ Windows တွေကတော့ အားလုံးသုံးနေကြတာမို့ သိပြီးသားဖြစ်ပေမယ့် ယခုခေတ်ထဲမှာ အခြား OS တွေကိုပါ လေ့လာဖို့ သုံဖို့ လိုအပ်လာပါပြီ... အဲ့ဒီအတွက် VirtualBox ကတော့ အထောက်ကူရတဲ့ Software တစ်ခုပါ... 
အရင်ဆုံး VirtualBox Install လုပ်ပုံကို ဖော်ပြပါ့မယ်..... အင်းးး ဒီနေရာမယ် နည်းနည်းပြန်ရှင်းဦးမှဖြစ်မယ်..
ဒီလိုပါခင်မျာ.. မူလကွန်ပျူတာပေါ်မှာ နောက်ထပ် OS တစ်ခုကို တင်သုံးချင်ရင် VMware သို့မဟုတ်
Virtual Box ကိုသုံးပါတယ်ခင်မျာ..ဒီလိုသုံးခြင်းအားဖြင့် နောက်ထပ်တင်သုံးချင်တဲ့ OS တစ်ခုကို မူလ၀င်း
ဒိုးပေါ်မယ်တင်သုံးနိုင်ပြီပေါ့ဗျာ..အခု လဲ Android OS ကို မူလ Windows ပေါ်မှာတင်သုံးမှာပါ.. ဒီတော့ Virtual Box ကိုသုံးပြီး တင်သုံးမယ်..ဒီတော့ http://www.mmithelper.com/2013/05/virtual-box-iso-file-windows-ebook.html ဒီကစာအုပ်လေးကိုအရင်ဒေါင်းပြီးလေ့လာပါ..ပြီးတာနဲ့ အောက်မှာပေးထားတဲ့
Android OS ကိုဒေါင်းပြီး စာအုပ်ထဲက နမူနာအတိုင်း လုပ်သွားပါ...အားလုံးအဆင်ပြေသွားပါလိမ့်မယ်
ခင်မျာ..

Screen Shoot