Wednesday, September 26, 2012

Microsoft Windows, Word, Excel Shortcut key များ












Microsoft Windows, Word, Excel...တွေမှာ mouse မပါပဲ keyboard ဖြင့်အသုံးပြုလို့ရတဲ့ Shortcut Key လေးတွေပါ။ အားလုံးလိုချင်ကြမယ်ထင်ပါတယ်။
အောက်ပါလင့်မှာ Download လုပ်ယူလိုက်ပါ။

Sunday, September 23, 2012

1GB Memory Card နဲ့ Drive များကို 2GB သို့ ပြောင်းနည်း


1GB Memory Card နဲ့ Pen Drive များကို 2GB ပြောင်းလို့ရတယ်ဆိုတာ စာဖတ်သူတို့ ယုံပါသလား။ တကယ်ပြောင်းလို့ရပါတယ်။ ဒါက ဒီလို ရှိပါ တယ်။ 

Memory Card နဲ့ Pen Drive ထုတ်သူများ အသုံးပြုတဲ့ Chi
p အတော်တော် များများ အနည်းဆုံး 2GB သိုလှောင်သိမ်းဆည်းနိုင်ကြ ပါတယ်။ ဒီတော့ 1GB ကဒ်ထုတ်ဖို့အတွက်ဆိုရင် သီးသန့် Chip မထုတ် လုပ်တော့ပါဘူး။ လွယ်လွယ်နဲ့ အချိန်ကုန်သက်သာ၊ ဈေးသက်သာအောင် 2GB ဆံ့တဲ့ Chip ကိုပဲ 1GB နဲ့ ထွက်လာအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ Space တွေက ပိုနေပါတယ်။ အားလုံး ကို မဆိုလိုပါ။ အချို့ အချို့ သာ ဖြစ်ပါတယ်။ ဒီမှာ တစ်ခုသတိထား ရမှာက 1GB ကဒ်ဆိုလို 975 MB ထက်တော့ နည်းလို့မရပါဘူး။ 957 MB နဲ့ 975 MB အထက် 1GB ကဒ်များ ကို 2GB အထိ ပြန်လည်တိုးမြင့်နိုင်ပါတယ်။ 2GB ကဒ်များကို 3GB တိုးတာ မျိုးတော့ ဒီ Trick ကအသုံးဝင်မှာ မဟုတ်ပါဘူး။

လုပ်ကြည့်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် အောက်ပါ အဆင့်အတိုင်းသွားနိုင်ပါပြီ။ မလုပ်ခင် ကဒ်ထဲမှာ သိမ်းဆည်း ထားတဲ့ မိမိရဲ့  Data များကို အခြား တစ်နေရာရာမှာ ပြန်လည် သိမ်းဆည်း Back up လုပ်ထားဖို့တော့လို အပ်ပါတယ်။ ဒီ trick မှာ Format ချတဲ့အဆင့် ပါဝင်လို့ ဖြစ်ပါတယ်။

ပထမအကြိမ်စမ်းကြည့်လို့ မရဘူးဆိုရင် ထပ်မလုပ်စေလိုပါ။ သူက Cheap / Low Branded Devices တွေမှာသာ အလုပ်လုပ်တဲ့ နည်းလမ်းမို့ ဖြစ်ပါ တယ်။

၁။ အောက်ပါ လခ့်တွင် rater ဆော့ဖ်ဝဲ ဒေါင်းလုခ်ဆွဲပါ။

http://www.techday.in/wp-content/uploads/2012/04/techday_rater_techday.zip

၂။ ကွန်ပျူတာသို့ Install လုပ်လိုက်ပါ။

၃။ ယင်း Zip ဖိုင်ကို Extract လုပ်ပြီး echday_rater.exe ကို run ပေးရပါမယ်။

၎။ run ပြီးပြီဆိုရင် မိမိ ပြောင်းလဲလိုတဲ့ 1GB Memory card နဲ့ Stick ကို USB ပေါက်မှ ထိုးရပါမယ်။ SD card မျိုးဆိုရင်တော့ ကွန်ပျူတာမှာဆို ကြားမှာ Card Reader နဲ့အသုံးပြုနိုင်ပါတယ်။ လပ်တော့ဆိုရင်တော့ SD card slot ပါဝင်တတ်ပါတယ်။ ဘာမှ ခေါင်းမရှုပ်ပါနဲ့။ သာမန် SD Card သို့မဟုတ် Pen Drive ကို ကွန်ပျူတာထဲ ထိုးလိုက်တာပဲ ဖြစ်ပါတယ်။

၅။ ကိုယ် Run ထားတဲ့ ဆော့ဖ်ဝဲ မှာ ရွေးစရာ ပေါ်လာပါပြီ။ မိမိထိုးလိုက်တဲ့ device ကိုရွေးချယ်ပေးရပါမယ်။ ဥပမာ- F: စတာမျိုး ဖြစ်ပါတယ်။

၆။ Fix ဆိုတဲ့ Button ကိုရွေးချယ်ရပါမယ်။

၇။ techday_rater.exe က Format ချမချ မေးပါလိမ့်မယ်။ အဲ့ကျ့ရင် Yes ကိုနှိပ်လိုက်ပါ။

၈။ ဒါဆိုရင် ပြီးပါပြီ။ မိမိထိုးထားတဲ့ ကဒ် / Pen drive ကို ဖြုတ်ပြီး ပြန်လည် စစ်ဆေးနိုင်ပါပြီ။ Properties ဝင်စစ်တဲ့အခါ 1GB ကနေ 2GB ကိုပြောင်းသွားမှာ ဖြစ်ပါတယ်။ 975 MB ထက်နဲ့တဲ့ Device ကိုသွားစမ်းမိရင်တော့ 2GB လို့ဖော်ပြပေမယ့် တကယ် 2GB မပြည့်ပါဘူး။ အရင်အတိုင်းပဲ ဖြစ်ပါတယ်။

စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေတာ မျော်လင့်ပါတယ်။
TechSpace Journal
အောင်ခမ်း (TSJ team)

မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း


ဒီနည်းလမ်းကို အိုင်တီပညာရှင် စာဖတ်သူတော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို Speed - ၆၀ ရာခိုင်နှုန်းမြင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် RAM တိုးဖို့ လိုအပ်
ပါတယ်။ 
ဒီ trick အတိုင်းသွားရင် ကွန်ပျူတာတွင်းက Hard disk ရဲ့  အချို့ အစိတ်အပိုင်းကို Virtual RAM အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ RAM တိုးတယ်ဆိုလို့ အမှန်တကယ်တော့ အခြား Hard disk က Space ကို ချေးငှားအသုံးပြုလုပ်တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း RAM တိုးပြီး လုပ်ဆောင်ချက် မြန်သွားပါတယ်။ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။
၁။ My Computer ကို right click နှိပ်ပြီး Properties ထဲဝင်ပါ။

၂။ Advance tab ထဲကိုဝင်ပါ။

၃။ Performance section ထဲက Setting botton ကိုဝင်ရပါမယ်။

၎။ Advance Tab ကိုပဲ ထပ်ဝင်ရပါမယ်။

၅။ Virtual Memory အောက်မှ Change ဆိုတာကို နှိပ်ရပါမယ်။

၆။ Drive C ကိုရွေးချယ်ရပါမယ်။

၇။ Custom Size ကိုရွေးချယ်ရပါမယ်။

၈။ Automatically manage မှာ အမှန်ခြစ်ထားတာလေး ဖြုတ်ပြီး ဒီလိုဖြည့်ရပါမယ်။

Intial Size မှာ 5GB အတွက်ဆိုရင် 5000 . 2GB အတွက်ဆိုရင် 2000 ကို ဖြည့်ပေးရပါမယ်။ စာဖတ်သူတို့ ကိုယ်ကြိုက်တာ ထည့်နိုင်ပါတယ်။
Maximan Size မှာ 5GB အတွက် 5000 ဖြည့်ပေးရပါမယ်။ သဘောကတော့ Virtual Memory ကအနေနဲ့ Local Disk C က 5GB ယူသုံးတာဖြစ်ပါတယ်။
၁၀။ Set ဆိုတဲ့ Buttom ကိုနှိပ်နိုင်ပါတယ်။ ပြီးရင် OK ပေါ်သမျှ လိုက်နှိပ်ပြီး Apply လည်းပါဝင်ပါတယ်။

ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလို့ တောင်းဆိုလာပါလိမ့်မယ်။
ကွန်ပျူတာ Restart လုပ်ပြီးရင်တော့ ယခင်ကထက် နှစ်ဆကျော် (၆၀ရာခိုင်နှုန်း) ပိုမြန်တဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ပါတယ်။
စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
--
အောင်ခမ်း (TSJ team)
TechSpace Journal
http://techspacejournal.blogspot.com/2012/09/ram.html

မိမိ ကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း (၂)


ကွန်ပျူတာ လျှင်မြန်ဖို့အတွက်ဆိုရင် ဒုတိယ တစ်နည်းကတော့ မိမိမှာ အသုံးမပြုဘဲ အပိုဖြစ်နေတဲ့ USB Flash Drive/Memory Stick တစ်ခုကို ထပ်တိုး RAM အနေနဲ့ အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ USB Stick မွ မဟုတ္ပါဘူး SDHC, ProDUO အစရွိတဲ့ Flash Memory Card ေ
တွအားလုံးကို အသုံးပြုလို့ရပါတယ်။

Ready Boost ဆိုတဲ့ နည်းပညာဟာ Windows Vista မှာ စပြီး ပါဝင်လာခဲ့ပါတယ်။ Windos 7မှာလည်း အဆိုပါနည်းပညာ ပါဝင်ပါသေးတယ်။ Ready Boost ကတော့ USB Flash Drive/Memory Stick ရဲ့ Free Space ကို မိမိစက်အတွက် Memory အဖြစ် အငှားယူသုံးပြီး လျှင်မြန်အောင် လုပ်ပေးနိုင်တဲ့ နည်းစနစ်တစ်ခုပါ။ USB Drive တွေရဲ့ ရေးနှုန်း၊ ဖတ်နှုန်းဟာ HDD ဟာ့ဒစ်တွေရဲ့ ရေးနှုန်းဖတ်နှုန်းထပ် ပိုမြန်ပါတယ်။ အဲ့ဒါကြောင့် ဟာ့ဒစ်မှာ Virtual Memory ကိုတိုးပြီး မြန်အောင် ပြုလုပ်တာထပ် အခုနည်းလမ်းက စက်ကို ပိုပြီး မြန်ဆန်စေတယ်လို့ ဆိုလို့ရပါတယ်။

ReadyBoost On!
Step1. USB Flash Drive တစ်ခုကို တပ်လိုက်ရင် Option Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Option တွေရဲ့ အောက်ဆုံးမှာ Speed Up My PC (Using Windows ReadyBoost) ဆိုတဲ့ Option တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Option ကို ရွေးချယ်လိုက်မယ်ဆိုရင် မိမိ တပ်လိုက်တဲ့ USB Drive ရဲ့ Properties Menu ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ တစ်ခါတည်း ReadyBoost ဆိုတဲ့ Tap ကို ရွေးချယ်ထားပြီးသား ဖြစ်ပါလိမ့်မယ်။

Step2. Use This Device ကို ရွေးချယ်ပေးပြီး Apply ကို နှိပ်လိုက်မယ်ဆိုရင် မိမိရဲ့ USB Drive ဟာ RAM တစ်ခုအနေနဲ့ စက်ရဲ့ Performace ကို မြန်အောင် ပြုလုပ်ပေးဖို့ အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Windows က မိမိ စက်နဲ့ အသင့်တော်ဆုံး RAM ပမါဏကို ရွေးချယ်ပေးပြီးသားဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် မိမိစက်မှာ ရှိတဲ့ Physical Memory/RAM ရဲ့ ၂ဆကို ရွေးချယ်ပေးလေ့ရှိပါတယ်။ သို့ပါသော်လည်း မိမိ USB Drive မှာ Space/နေရာလွတ်တွေရှိတယ်ဆိုရင် အဲ့ဒီနေရာလွတ် အကုန်ကို RAM အနေနဲ့ အသုံးပြုလို့ရပါတယ်။ ReadyBoost ကတော့ အများဆုံး 256GB အထိ ခွင့်ပြုပေးထားပါတယ်။

Consume your FreeSapce wisely!
Ready Boost က USB Device မှာ ရှိတဲ့ နေရာကို အသုံးပြုမှာ ဖြစ်တဲ့အတွက် မိမိသက်မှတ်ပေးလိုက်တဲ့ Size အတိုင်း USB မှာ နေရာသွားယူမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် မိမိ USB က နေရာလွတ်တွေ ကုန်သွားတာ တွေ့ရပါလိမ့်မယ်။ Memory Stick ထဲမှာ သွားကြည့်မယ်ဆိုရင် ReadyBoost ဆိုတဲ့ File တစ်ခုကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီ File Size ဟာလဲ မိမိပေးခဲ့တဲ့ Memory အရွယ်အစားအတိုင်းရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

Ready Boost ကို နောက်ပိုင်းထွက်တဲ့ USB Device တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ ပိုပြီး Speed ကို မြန်စေချင်ရင်တော့ USB 3.0 နဲ့ 4GB လောက်ရှိတဲ့ Memory Stick တွေကို အသုံးပြုသင့်ပါတယ်။ ReadyBoost ကို DDR2 သုံးထားတဲ့ စက်အဟောင်းတွေ အတွက် များစွာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ DDR2 တွေက ဈေးကွက်မှာ ၀ယ်လို့မရတော့သလို ဈေးလဲကြီးနေပါပြီ။ အဲ့ဒီလို DDR2 နဲ့စက်ကို RAM ထပ်တိုးဖို့ စဉ်းစားရင် ReadyBoost ကို သုံးတာက ပိုမို ဈေးသက်သာပြီး ထိရောက်ပါလိမ့်မယ်။ DDR2 စက်တွေသာ မဟုတ်ဘဲ တခြားစက်တွေမှာလည်း RAM နည်းလို့ စက်ကြီးနှေးနေရင်၊ မိမိမှာလဲ ပိုနေတဲ့ Memory Stick တစ်ခုရှိမယ်ဆိုရင် အခု နည်းလမ်းက အလွယ်ကူဆုံး စက်မြန်အောင် လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

To Remove ReadyBoost!
ReadyBoost ကို USB Drive မှာ မသုံးချင်တော့ဘူးဆိုရင် Properties>Readyboost>Do not Use This Device>Apply ဆိုပြီး လုပ်လိုက်ရုံပါပဲ။ အဲ့ဒါဆိုရင် ခုဏက ReadyBoost အတွက် ပေးလိုက်ရတဲ့ Space လဲ ပြန်လျှော့သွားပါလိမ့်မယ်။

Notice: တစ်ခုတော့ရှိပါတယ်။ ReadyBoost အတွက် အသုံးပြုထားတဲ့ USB Memory Stick ကိုတော့ စက်မှာ မြန်ချင်တဲ့ အချိန်တိုင်း တပ်ဆင်ထားဖို့ လိုပါမယ်။ အသုံးမလိုလို့ ဖြုတ်မယ်ဆိုရင်လဲ Safely Remove လုပ်လို့ရပါတယ်။

RAM နဲနဲပဲ ရှိတဲ့ စက်မှာ ReadyBoost အသုံးမပြုခင်က အမြန်နှုန်းနဲ့ ReadyBoost သုံးပြီး အမြန်နှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ သိသိသာသာ လျှင်မြန်လာတာကို တွေ့ရပါလိမ့်မယ်။

How Ready Boost Work Video!
http://windows.microsoft.com/is-IS/windows7/products/features/readyboost

THA: TSJ Tech Team
TechSpace Journal
http://techspacejournal.blogspot.com/2012/09/ram_18.html

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။ 

အချက်အ
လက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

Thursday, September 20, 2012

Myanmar Unicode Fonts & keyboard

ထုံးစံအတိုင်းဒေါင်းလို့ရပါတယ်။ မြန်မာယူနီကုတ်ဖေါင့်နဲ့ကီးဘုတ်လေးပါ။
http://www.mediafire.com/?zipi5a1j20qojw8

maxthon_portable_3.4.2.3000

 maxthon_portable_3.4.2.3000 လေးပါ လိုချင်ကြလိမ့်မယ်ထင်ပါတယ်။ အရမ်းမြန်ပါတယ်အဆင်လဲပြေပါတယ်။ စမ်းသုံးကြည့်လိုက်ပါ။ လိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။
http://www.mediafire.com/?q8gyn6glrja2l88

WinRAR-3.90

WinRAR-3.90  လေးပါလိုင်ချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။ အဆင်ပြေပါစေ။

http://www.mediafire.com/?7hwx7pzkja1d097