Sunday, September 23, 2012

မိမိ ကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း (၂)


ကွန်ပျူတာ လျှင်မြန်ဖို့အတွက်ဆိုရင် ဒုတိယ တစ်နည်းကတော့ မိမိမှာ အသုံးမပြုဘဲ အပိုဖြစ်နေတဲ့ USB Flash Drive/Memory Stick တစ်ခုကို ထပ်တိုး RAM အနေနဲ့ အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ USB Stick မွ မဟုတ္ပါဘူး SDHC, ProDUO အစရွိတဲ့ Flash Memory Card ေ
တွအားလုံးကို အသုံးပြုလို့ရပါတယ်။

Ready Boost ဆိုတဲ့ နည်းပညာဟာ Windows Vista မှာ စပြီး ပါဝင်လာခဲ့ပါတယ်။ Windos 7မှာလည်း အဆိုပါနည်းပညာ ပါဝင်ပါသေးတယ်။ Ready Boost ကတော့ USB Flash Drive/Memory Stick ရဲ့ Free Space ကို မိမိစက်အတွက် Memory အဖြစ် အငှားယူသုံးပြီး လျှင်မြန်အောင် လုပ်ပေးနိုင်တဲ့ နည်းစနစ်တစ်ခုပါ။ USB Drive တွေရဲ့ ရေးနှုန်း၊ ဖတ်နှုန်းဟာ HDD ဟာ့ဒစ်တွေရဲ့ ရေးနှုန်းဖတ်နှုန်းထပ် ပိုမြန်ပါတယ်။ အဲ့ဒါကြောင့် ဟာ့ဒစ်မှာ Virtual Memory ကိုတိုးပြီး မြန်အောင် ပြုလုပ်တာထပ် အခုနည်းလမ်းက စက်ကို ပိုပြီး မြန်ဆန်စေတယ်လို့ ဆိုလို့ရပါတယ်။

ReadyBoost On!
Step1. USB Flash Drive တစ်ခုကို တပ်လိုက်ရင် Option Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Option တွေရဲ့ အောက်ဆုံးမှာ Speed Up My PC (Using Windows ReadyBoost) ဆိုတဲ့ Option တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Option ကို ရွေးချယ်လိုက်မယ်ဆိုရင် မိမိ တပ်လိုက်တဲ့ USB Drive ရဲ့ Properties Menu ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ တစ်ခါတည်း ReadyBoost ဆိုတဲ့ Tap ကို ရွေးချယ်ထားပြီးသား ဖြစ်ပါလိမ့်မယ်။

Step2. Use This Device ကို ရွေးချယ်ပေးပြီး Apply ကို နှိပ်လိုက်မယ်ဆိုရင် မိမိရဲ့ USB Drive ဟာ RAM တစ်ခုအနေနဲ့ စက်ရဲ့ Performace ကို မြန်အောင် ပြုလုပ်ပေးဖို့ အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Windows က မိမိ စက်နဲ့ အသင့်တော်ဆုံး RAM ပမါဏကို ရွေးချယ်ပေးပြီးသားဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် မိမိစက်မှာ ရှိတဲ့ Physical Memory/RAM ရဲ့ ၂ဆကို ရွေးချယ်ပေးလေ့ရှိပါတယ်။ သို့ပါသော်လည်း မိမိ USB Drive မှာ Space/နေရာလွတ်တွေရှိတယ်ဆိုရင် အဲ့ဒီနေရာလွတ် အကုန်ကို RAM အနေနဲ့ အသုံးပြုလို့ရပါတယ်။ ReadyBoost ကတော့ အများဆုံး 256GB အထိ ခွင့်ပြုပေးထားပါတယ်။

Consume your FreeSapce wisely!
Ready Boost က USB Device မှာ ရှိတဲ့ နေရာကို အသုံးပြုမှာ ဖြစ်တဲ့အတွက် မိမိသက်မှတ်ပေးလိုက်တဲ့ Size အတိုင်း USB မှာ နေရာသွားယူမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် မိမိ USB က နေရာလွတ်တွေ ကုန်သွားတာ တွေ့ရပါလိမ့်မယ်။ Memory Stick ထဲမှာ သွားကြည့်မယ်ဆိုရင် ReadyBoost ဆိုတဲ့ File တစ်ခုကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီ File Size ဟာလဲ မိမိပေးခဲ့တဲ့ Memory အရွယ်အစားအတိုင်းရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

Ready Boost ကို နောက်ပိုင်းထွက်တဲ့ USB Device တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ ပိုပြီး Speed ကို မြန်စေချင်ရင်တော့ USB 3.0 နဲ့ 4GB လောက်ရှိတဲ့ Memory Stick တွေကို အသုံးပြုသင့်ပါတယ်။ ReadyBoost ကို DDR2 သုံးထားတဲ့ စက်အဟောင်းတွေ အတွက် များစွာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ DDR2 တွေက ဈေးကွက်မှာ ၀ယ်လို့မရတော့သလို ဈေးလဲကြီးနေပါပြီ။ အဲ့ဒီလို DDR2 နဲ့စက်ကို RAM ထပ်တိုးဖို့ စဉ်းစားရင် ReadyBoost ကို သုံးတာက ပိုမို ဈေးသက်သာပြီး ထိရောက်ပါလိမ့်မယ်။ DDR2 စက်တွေသာ မဟုတ်ဘဲ တခြားစက်တွေမှာလည်း RAM နည်းလို့ စက်ကြီးနှေးနေရင်၊ မိမိမှာလဲ ပိုနေတဲ့ Memory Stick တစ်ခုရှိမယ်ဆိုရင် အခု နည်းလမ်းက အလွယ်ကူဆုံး စက်မြန်အောင် လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

To Remove ReadyBoost!
ReadyBoost ကို USB Drive မှာ မသုံးချင်တော့ဘူးဆိုရင် Properties>Readyboost>Do not Use This Device>Apply ဆိုပြီး လုပ်လိုက်ရုံပါပဲ။ အဲ့ဒါဆိုရင် ခုဏက ReadyBoost အတွက် ပေးလိုက်ရတဲ့ Space လဲ ပြန်လျှော့သွားပါလိမ့်မယ်။

Notice: တစ်ခုတော့ရှိပါတယ်။ ReadyBoost အတွက် အသုံးပြုထားတဲ့ USB Memory Stick ကိုတော့ စက်မှာ မြန်ချင်တဲ့ အချိန်တိုင်း တပ်ဆင်ထားဖို့ လိုပါမယ်။ အသုံးမလိုလို့ ဖြုတ်မယ်ဆိုရင်လဲ Safely Remove လုပ်လို့ရပါတယ်။

RAM နဲနဲပဲ ရှိတဲ့ စက်မှာ ReadyBoost အသုံးမပြုခင်က အမြန်နှုန်းနဲ့ ReadyBoost သုံးပြီး အမြန်နှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ သိသိသာသာ လျှင်မြန်လာတာကို တွေ့ရပါလိမ့်မယ်။

How Ready Boost Work Video!
http://windows.microsoft.com/is-IS/windows7/products/features/readyboost

THA: TSJ Tech Team
TechSpace Journal
http://techspacejournal.blogspot.com/2012/09/ram_18.html

No comments:

Post a Comment